Four Rivers-ACTS Foundation - 4th Anniversary
Four Years of Commitment, Compassion and Collective Action

ယနေ့ ၁၁.၁၁.၂၀၂၆ သည် Four Rivers-ACTS Foundation တည်ထောင်ခဲ့သည်မှာ လေးနှစ်ပြည့်အမှတ်တရနေ့ ဖြစ်ပါသည်။
Four Rivers-ACTS Foundation သည် လွန်ခဲ့သော လေးနှစ်တာအတွင်း စိန်ခေါ်မှုများကြားမှ မဲဆောက်မြို့တွင် နေထိုင်ကြသော မြန်မာရွှေ့ပြောင်းနေထိုင်သူများ၊ ထိုင်း–မြန်မာနယ်စပ် တစ်လျှောက်ရှိ မြန်မာပြည်သူများနှင့် ပြည်တွင်းရှိ မြန်မာပြည်သူများအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရောက်ရှိ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ဤခရီးတွင် ယုံကြည်စွာ လက်တွဲခဲ့ကြသော အားပေးကူညီ ပံ့ပိုးခဲ့ကြသော အလှူရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာပြည်သူများ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
ဤလေးနှစ်တာအတွင်း ရရှိခဲ့သော အောင်မြင်မှုမှတ်တိုင်များသည် အားလုံး၏ ယုံကြည်မှုနှင့် ပူးပေါင်းအားထုတ်ဆောင်ရွက်မှုတို့ကြောင့် ဖြစ်ပါသည်။
ရှေ့ဆက်၍လည်း ပြည်သူများအတွက် ဆက်လက်ကူညီ ပံ့ပိုးနိုင်ရန် အားလုံးနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Thrive Together!
